မမွေးဖွားခဲ့တဲ့ အနာဂတ်ကို
ဖန်လေတဲ့ အတိတ်ရယ်လို့ အပြစ်ဖို့ရလေမလား။
ပျိုးခဲ့တဲ့ ရင်တွင်းသစ္စာကို
လေထဲ ဆောက်ခဲ့တဲ့ အိမ်လေးလို့ ဆိုရမလား။
ဖြစ်တည်ခဲ့တဲ့ မျှော်မှန်းချက်တွေရယ်
ဘယ်ဆီကို ပျံသန်းနားခိုခဲ့ပြီလဲ။
စီးဆင်းသွားခဲ့တဲ့ အချိန်တွေရယ်
သြော်…ဘယ်လိုအစားထိုးရ ပါ့မလဲ။
No comments:
Post a Comment