Search This Blog

Tuesday, July 20, 2010

မရဏဆုံတွေ့ရန် နီးပြန်ပေါ.။

မွေးနေ့ဆိုတာ ကျွှန်တော့်အတွက် အဆန်းတကျယ်တော့မဟုတ်ခဲ့ပါဘူး။ ဆိုရသော်  ကျွှန်တော့်အတွက် မွေးနေ့ဆိုတာ သူများတကာတွေလို သိပ်ဆန်းဆန်းကျယ်ကျယ် ခမ်းနားစွာ မကျင်းပချင်သလို၊ စိတ်ဆန္ဒ  အလျဉ်းမရှိ လို့လဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း မိခင်ဝမ်းမှ ထွက်လာခဲ့တဲ့ နေ့ဟာ လူသားတစ်ယောက် အနေနဲ့ ရှင်သန်နေထိုင်ခွင၊့် ရခဲလိုက်တဲ့ လူ့ဘ၀ကို ချဉ်းနင်းဝင်ရောက်လာတဲ့၊ ထူးမြတ်တဲ့ နေ့တစ်နေ့ အနေနဲ့ အသိရလိုက်ပြီး ကောင်းမှု၊ ကောင်းမြတ်တဲ့ အခြင်းအရာ ကိုတော့ဖြင့် ပြုလုပ်ရန် မှာတော့မဖင့်နွဲ့ ခဲ့ပါဘူး။
နောက်တစ်ချက်က မွေးလာပြီးတော့ သေရအုံးမယ်ဆိုတဲ့ ဓမ္မကိုဆင်ခြင်မိပြန်တယ်။ အမှန်တော့ မွေးနေ့ဆိုတာ သေနေ့ ပိုနီးလာပြီလို့ တပ်လှန့်လိုက်တာပါပဲလို့ အသိတစ်ချက်ကို စိတ်မှာ ၀င်းကနဲလက်သွားပါတယ်။ မွေးနေ့ဆိုတာကတော့ အရှင်းဆုံးအားဖြင့် သေနေ့ကို မီးမောင်းထိုးပြတာပါပဲ။ အမှန်တရား တစ်ခုပါပဲ။ အတိတ်ကုသိုလ် ကံကိုဖြင့် ရော်ရန်းမှန်းဆပြီး မတွေးတောချင်တော့ပါဘူး။ ဒီလောက် အသက်အပိုင်းခြားထိ ရှင်သန်နေခွင့် ရနေရုံဖြင့် ပြုခဲ့တဲ့ ကံတွေကိုပဲ ဥဒါန်းရင့်ရမယ့်  အခြေအနေတစ်ရပ် ဖန်တီးရော့လေသလား။ မွေနေ့ ရယ် သေရမယ့် နေ့ရယ်............  စက္ကန့် ရယ်မခြား တရွေ့ရွေ့ပါလား။

No comments:

Post a Comment