Search This Blog

Thursday, July 22, 2010

မမှားသောရှေ့နေ၊ မသေသောဆေးသမား

လောကမှာ အမှား နဲ့ အမှန် ရှိတယ်ဆိုတာကတော့ငြင်းဖွယ်မရှိပါဘူး။ လျှောက်လမ်းလာခဲ့ကြတဲ့ ဘ၀ခရီးမှာတော့ အမှား နဲ့ အမှန် ကိုအားပြုရင်း အသက်ဆက်နေကြရပါတယ်။ ဆိုရရင်တော့ အမှား နဲ့ ရောပြွန်းနေတဲ့ ဘ၀အမောတွေမှာ ရွှင်ပျဖွယ်နေ့များဖြစ်တဲ့ အမှန်နေ့ရက်တွေ ကြုံတွေ့ရတာပါပဲ။ မှားတယ်၊ မကောင်းဘူး၊ မင်းဟာကကွာမဟန်လှပါဘူး ဆိုတဲ့ ဝေဖန်ချက်တွေဟာ နားကိုကလန့်စေတဲ့ စကားတွေအနေနဲ့ လုပ်ဆောင်ချက် ( သို့မဟုတ် ) ပြုဖွယ်ကိစ္စပေါ် အမှားရိပ်ရောင်ကို လှစ်ဟပြသလိုပါပဲ။ သဘောသဘာဝ အရ အမှားဆိုတာကို လက်သင့်မခံချင်တဲ့ စိတ်က တိမ်းညွှတ်နေပါတယ်။ တစ်ခါတလေ မှားတဲ့ အမှား ဟာ စေတနာ အမှားဖြစ်တက်ပါတယ်။ ဘာလိုချင်မှန်း အတိအကျ မသိလျှက် သွားပေးမိတဲ့ လူတစ်ယောက်လိုပေါ့ဗျာ။ အမှားလုပ်မိတာ ရှက်စရာ မဟုတ်ပဲ မှားတာကို ၀န်ခံပြီး နောက်ထပ်မမှားအောင် နေပြတာကမှ ဂုဏ်ယူစရာပါ။ အမှားနည်းသောဘ၀ ကို နေထိုင် သွားကြပါစို့။
အမှားမကင်း သူတစ်ယောက်

No comments:

Post a Comment