Search This Blog

Thursday, July 29, 2010

ဒုက္ခ ရဲ့ အဆုံး

ဂဏန်းမဲ့ သံသရာတွေက
ရှေးပြေး ဥပဒ်ဒါန်နဲ့ တဏှာရဲ့ ဦးဆောင်မှုအောက်မှာ
ပြားပြားဝပ်ခဲ့ ရတယ်။
အရောင်မဲ့ ယစ်မှုးတွေရဲ့ စေခိုင်းချက်တွေက
အမှောင်လမ်းကနေ ကံအသစ်တွေ ပျိုးခဲ့ရတယ်။
မသိမိုက်မှားမှုက အလင်းစက်သာဖြစ်တဲ့
ေ၀၀ါးတဲ့ အဖြူနဲ့ အမည်းကြားက
အမှန်ကို မနှေးအမြန် သိမြင်အောင်
လှုံဆော်လေရဲ့။
ဥာဏ်ဆိုက်အောင် မှန်တဲ့ ဓမ္မကို
အသိ သံဝေဂဖြင့် ကျင့်ကြံရင်းနဲ့
ဘ၀ရဲ့ နေ၀င်ကို အဆုံးသတ်ပေတော့မည်။

No comments:

Post a Comment