Search This Blog

Sunday, August 15, 2010

အတွေးဆုံမှတ်

လေရှုးတသုန်သုန် နွေဦးမှာ

အရိပ်မဲ့ အတိတ်ဟောင်းက၊

ခြေဆန့်ခရီးထွက်ဖို့ နူတ်ဆက်လေရဲ့။

ပြောင်းလဲနေတဲ့ ရာသီစက်ဝန်းတွေနဲ့

အတွေးဆိုတဲ့ နံရံမှာ စုတ်ချက်ချရင်း၊

ဆွေးမြေ့ပန်းချီကားကို ဆေးခြယ်နေမိပြီ။

မပီပြင်ခဲ့တဲ့ အနာဂတ်ရောင်ခြည်တွေကို

တစ်နွေမှာ တောက်ပနိုင်တယ်လို့ မျှော်ကိုးရင်း၊

ဖြည်မရ နှောင်ကြိုးတွေ ပေါင်းကူးလေမလား။

No comments:

Post a Comment