Search This Blog

Wednesday, August 25, 2010

“ခံစားမှု တစ်စုံ”

မဟောင်းတဲ့ လွမ်းမောမှုတွေက

အိပ်မရနွေလယ်ခေါင် ညတွေလို

တငွေ့ငွေ့ လောင်ကျွှမ်းနေတယ်။

ဆေးမရှိ ဒီဒဏ်ရာက

သမားလက်လျှော့တဲ့ ဆေးချက်နဲ့

သက်မဲ့ဘ၀ကို ကူးပြောင်းလေရဲ့။

တစ်ခွန်းစကားက အရှိန်ပြင်းမြှားတစ်စင်းလို

ရင်ဗဟိုချက်အဆုံးထိ မိတ်ဖွဲ့ပြီး

ဝမ်းနည်းမှု၊ ဆွေးမြေ့မှု တစ်စုံကိုချီးမြှင့်လေပြီ။

No comments:

Post a Comment