Firefox Browser ကိုသုံးစွဲနေတဲ့ သူငယ်ချင်းတွေအတွက် ကျွှန်တောလက်ရှိသုံးနေတဲ့ Ad-ons လေးတွေအကြောင်းကို သတင်းပေးချင်လို့ပါ။ အရင်က IE ကိုပဲလက်သုံးတော်ထားခဲ့ရာမှ ကာလအတန်ကြာတော့ မီးမြေခွေးရဲ့ အံမခန်းဖြစ်မှု၊ သစ်ဆန်းတဲ့ ဒီBrowser ကိုထိတွေ့အသုံးချခဲ့ပါတယ်။ ကြာတော့လည်း IE ကိုမသုံးမိသလောက်ပင် ကျောခိုင်းခဲ့ပါတယ်။ Firefox Browser ရဲ့ စွမ်းဆောင်ပေးမှုတွေက IE ထက်သာလွန်ကောင်းမွန်တဲ့ အတွက် မီးမြေခွေးကို ပိုမိုနှစ်ခြိုက်လာမိတယ်။ မြီးမြေခွေးအတွက် အသုံးချလို့ရတဲ့ Ad-ons တွေကတော့ အများကြီးပါပဲ။ စိတ်ဝင်စားရာ၊ မိမိတို့အတွက် အသုံးတည့်တာကိုဖြင့် (သူရဲ့ စွမ်းပကားတွေကို သိမြင်ပြီး ပိုမို သဘောတွေ့လာမှာဆိုတာကတော့ အကြွင်းမဲ့ ယုံကြည်မိပါကြောင်း။) ရယူတပ်ဆင်ကြပါစို့။
ပထမဆုံးအနေနဲ့ Wot (Web Of Trust) ဆိုတဲ့ Ad-ons ရဲ့ အသုံးဝင်မှုလေးပါ၊
ယနေ့မျက်မှောက်ခေတ်မှာ အင်တာနက်မှာခေတ်စားနေတဲ့ အကြွေးကတ်အခိုးခံရမှု၊ မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခိုးခံရတာတွေ၊ ဗိုင်းရပ်စ်ပေါင်းမျိုးစုံ အစရှိသဖြင့် လိုက်မမီအောင် ပေါများလှတဲ့ စိတ်သောကရောက်မှုကနေ သက်သာစေဖို့ မိမိသွားရောက်လို့တဲ့ ဆိုဒ်တွေဝင်မကြည့်ခင် WOT ရဲ့နှုန်းကို ကြည့်ခြင်းအားဖြင့် ကာကွယ်လို့ရပါတယ်။ ဒါပေမဲ့ တစ်ချို့သော ဆိုဒ်တွေရဲ့ WOT ကတော့ နှုန်းနိမ့်နေလင့်စကား အန္တရာယ်ကင်းစွာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒါကလည်း ကိုယ်သိထားတဲ့၊ ယုံကြည်လို့ရနိုင်တဲ့ မှတ်ထင်မှုရှိနေမှပါပဲ။ ဒီ Ad-ons လေးကတော့ အသုံးပြုပေးဖို့ တိုက်တွန်းပါ၏၊
Adblock Plus ကိုမရှိမဖြစ်တပ်ထားရမှာပါ။ ဆိုက်ဒ် တစ်ခုဖွင့်လိုက်ရင် တက်လာမဲ့ ကြော်ငြာတို့၊ ခြေရာလိုက်ခံရတာတို့၊ ခေါင်းစီးစာတမ်း အစရှိသည်တို့ကို ဟန့်တား ကာကွယ်ပေးပါတယ်။
Personas Rotator ကတော့ သယ်ချင်းတို့ရဲ့ Browser backgroundလေးတွေကို အလိုအလျှောက်ပြောင်းပေးမဲ့ Ad-ons လေးပါ။ တစ်သတ်မတ်တည်းမြင်နေရတဲ့ နောက်ခံချည်းကိုတော့ဖြင့် စိတ်ထဲမှာ တစ်မျိုးတော့ ခံစားရမှာ မလွှဲပါဘူး။ ဒီဟာလေးရဲ့ အကူအညီနဲ့ လန်းနိုင်ပါပြီ။ မိမိတို့ ကြိုက်နှစ်သက်ရာ Browser ရဲ့နောက်ခံကို ဒါလေးကဖြည့်စွမ်းပေးပါလိမ့်မယ်။
Colorful Tab လေးကိုညွှန်းပါရစေဗျာ။ ဘာအရောင်မှ မရှိတဲ့ လှေချည်းထိုး သာမန်Tabတွေရဲ့အစား Colorful Tab ဆိုတဲ့ Ad-ons ကိုထည့်သွင်းလိုက်ပါ။ လန်းနေတဲ့ ရောင်စုံTabတွေကို မြင်ရမှာ တစ်မျိုးလေးဖြစ်မိမှာပါ။
Pearl Crescent Page Saver Basic - စွဲမက်မိပါတယ်။ ဆိုဒ်တစ်ခုရဲ့ စာမျက်နှာကို (Flash) အပါအ၀င် Png, Jpeg ဖောမက်များနဲ့ သိုဝှက်ထားလို့ရပါတယ်။ ပြီးမှ ဓာတ်ပုံကို ဖွင့်ပြီး ဆိုက်ဒ်တစ်ခုလုံကို ပြန်လည်ရှုစားနိုင်ကြောင်းပါ။
Flagfox Ad-ons အလည်အပတ်သွားတဲ့ ဆိုက်ဒ်ရဲ့ နိုင်ငံအလံနဲ့ ဆာဗာကို ဖော်ပြပေးပြီး ရေမြေနေရာကိုပါ သိရှိနိုင်ပါတယ်။ ဆောင်ထားသင့်လှပါပေ၏။
အသုံးဝင်တဲ့ အသုံးချလို့ရတဲ့ Ad-ons တွေကတော့ ထောင်သောင်းမကပါ။ အသုံးပြုနေတဲ့ အနည်းငယ်မျှသော Ad-ons လေးကိုသာ သတင်းပါးလိုက်ခြင်းသာ ......
ရှဲ့ရှဲ့ :D
ReplyDeleteရှာပြီး အက်နေပါတယ် ..း)
မိုးခါး