ညနေ ပန်းခြံခုံတန်းရှည်ပေါ် မှေးတင်နေရဲ့။
ငွေနားကွပ်နဲ့ မောက်မာခဲ့သူ တိမ်တို့ မှိန်ပေါ့။
သံချေးတက်မျက်လုံးထဲ အရောင်တွေဖြူဖျော့လာ
ပြောင်းပြန်၊ အရှိန်တွေ ပိုမြန်လာကြ
" တယ် ... သေဖို့ကို ဘာလောနေကြသလဲ၊ ဒင်းတို့ "
တစ်ကြိမ်တည်းသာ လက်ခနဲမြင်လိုက်ရ
အံ့ဖွယ်ငှက်မြန်
ပျံပေါ့လေ၊ လေထဲပျောက်ပေါ့
နောင်တတို့သာ မော့ငေးကျန်ခဲ့
အလိုကြီးလွန်းသူပါ
ရသမျှနည်းနည်းလေးကိုသာ
ယူသွားရတော့မှာပေါ့။ ။
မောင်ပြည့်မင်း
ဟန်သစ်၊ အမှတ် ၈၀၊ ၁၉၉၉
No comments:
Post a Comment