Search This Blog

Wednesday, February 9, 2011

ဖိုင်တွေမှာ နောက်ခံပုံလေးတွေ ထည့်ရအောင် .....

Portable Win 7 folder background changer အနုထည်လေးကတော့ စိတ်ဝင်စားမှုလေးပေးစွမ်းပါတယ်။ မိမိတို့ရှဲ့ဖိုင်တွေကို ပြန်လည်ရှယ်ပေးရာမှာ အသုံးတည့်လှပါတယ်။ မိမိတို့ နှစ်သက်ချစ်ခင်ရတဲ့ လူကိုဖိုင်အလိုက် သီချင်းလက်ဆောင်ပေးရာမှာ ဒီsoftwareလေးက ကောင်းကောင်းအကူအညီပြုပေးပါတယ်ဗျာ။ မိမိရဲ့ ပုံလေးကို ဖိုင်ရဲ့နောက်ခံမှာထားပြီး သီချင်းတွေကို လက်ကမ်းလိုက်ရင် ပိုပြီးကြည်နူးစရာကောင်းတယ်လို့ မျှော်လင့်မိပါတယ်။ သီချင်းတွေ ဖွင့်တိုင်းပုံလေးတွေပေါ်အောင်လုပ်လို့ရတဲ့ အနုထည်ရှိပါသေးတယ်။ အခါအခွင့်သင့်ခဲ့ရင် ရေးသားပါအုံးမယ်။သုံးရတာကလည်း လွယ်ကူလှပါတယ်။ ပြောင်းထားတာကို မကြိုက်ဘူးဆိုရင် မူလကရှိခဲ့တဲ့ နောက်ခံပုံအတိုင်းပြန်လည် လုပ်ဆောင်ယူနိုင်ပါတယ်။ သို့သော် System Restore ကို မိမိတို့ ကွန်ပျုတာမှာ ဖွင့်ပေးထားရင်တော့ ကွန်ပျုတာမှာ ဖိုင်ကြီး၊ ဖိုင်ငယ်လေးတွေရဲ့ နောက်ခံ ပြောင်းထားတာကို ပြန်ပယ်ဖျက်နိုင်တာပေါ့။ ပြီးတော့  သီချင်းခေါင်းစဉ်ရဲ့ အရောင်တွေကိုလဲ ပြောင်းချင်ရင် ရွှေးလို့ရပါသေးတယ်။ အောက်ကနေပြီးတော့ မူလဆိုက်ဒ်ကို လင့်ခ်ပေးလိုက်ပါမယ်။
မူရင်းဆိုက်ဒ်မှ အနုထည်ဒေါင်းရန်
Photobucket
Photobucket
သီချင်းဖိုင်တွေရဲ့ နောက်ခံဓာတ်ပုံလေးတွေပြောင်းပြီး နှစ်သက်ရာသူတွေဆီကို လက်ဆောင်ပေးရင်း ပျော်ရွှင်ကြပါစေ။

No comments:

Post a Comment