မိမိတို့ရဲ့ Gmail အကောင့်ကို မိမိတို့မသိပဲ အသုံးချခံနေရတယ်လို့ ထင်မိကြပါသလား။ ဂျီမေးမှာ ရှိနေတဲ့ လုပ်ဆောင်ချက်လေး တစ်ခုနဲ့ သူခိုးကိုဖမ်းလို့ရပါတယ်။ ပိုသေချာအောင် သိနိုင်တာက မကြာသေးမီကလုပ်ဆောင်ချက်တွေကို ဖွင့်ကြည့်ပြီး တစ်ယောက်ယောက် မိမိတို့ရဲ့ မေးလ်တွေကို ၀င်ရောက်ဖတ်ရှုသွားသလားဆိုတာပါပဲ။
ပထမဆုံး အနေနဲ့ ဂျီမေးလ်က မိမိရဲ့ အကောင့်ထဲ ၀င်လိုက်ပါ။
ဒုတိယ လုပ်ရာမှာကတော့ မိမိအကောင့်ရဲ့ ဂျီမေးလ် စာမျက်နှာရဲ့ အောက်ဖက်ကိုဆင်းလိုက်ပါ။
တတိယ အဆင့်ကတော့ ဂျီမေးလ်စာမျက်နှာထဲမှာပဲ အောက်ခြေဖက်နားမှာရှိတဲ့ Last Account Activity ဆိုတဲ့ စကားလုံးလေးကို ရှာပေးဖို့ပါပဲ။
နောက်ဆုံးလုပ်ပေးရမှာတော့ Detail Link ဆိုတာလေးကို နှိပ်ပေးဖို့ပါပဲ။ အဲဒါကြောင့် နောက်ထပ် ၀င်းဒိုးတစ်ခုပေါ်လာပြီး မိမိတို့ရဲ့ အကောင့်ကို အသုံးပြုသွားတဲ့ အချိန်၊ နေ့ရက်တွေနဲ့ ဘယ်အခါသမယမှာဖြင့် ၀င်ရောက်မွှေနှောက်ခံရသွားတာကိုပါ အသေးစိတ်သိရှိနိုင်ပါကြောင်း၊ ပြီးတော့ သင့်တို့ရဲ့ မေးလ်ကို ၀င်ရောက်သုံးစွဲသွားတဲ့ မည်သူတစ်ဦးတစ်ယောက်ရဲ့ IP ကိုပါသိရှိနိုင်ပါတယ်။ ကံကောင်းထောင်းမရင်ဖြင့် ဘယ်သူဘယ်ဝါ ၀င်ရောက်ဖတ်ရှုသွားတယ် ဆိုတာသိရှိနိုင်ပါတယ်။
Reference : www.ehow.com (How To Track Your Gmail Account Activity)
No comments:
Post a Comment